ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကိုယ်စားလှယ်အဖွဲ့သည် ၄.၉.၂၀၁၈ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာခဲ့ပြီး ဒေသစံတော်ချိန် နေ့လယ် ၁:၃၀ အချိန်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့သို့ရောက်ရှိကြရာ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါသည်။ ၅.၉.၂၀၁၈ နံနက်ပိုင်းတွင် တက္ကသိုလ်ကိုယ်စားလှယ်အဖွဲ့သည်ကိုလံဘိုမြို့ရှိ Kelaniya University PGIPBS သို့ ရောက်ရှိကြရာ Director နှင့် ပါမောက္ခများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကာ တက္ကသိုလ်နှစ်ခုအကြား အပြန်အလှန်ချိတ်အပြန်အလှန်ချိတ်ဆက်ဆိုင်ရွက်နိုင်ရေးအတွက်တွေ့ဆုံဆွေးနွေးပြီးဆောင်ပစ္စည်းများအပြန်အလှန် ပေးအပ် ကြပါသည်။ ထို့နောက် တက္ကသိုလ်စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကြပါသည်။ နံနက် ၁၁းဝဝနာရီအချိန်တွင် ကိုလံဘိုမြို့ မကုဋာရာမ မြန်မာကျောင်းတိုက်၌ သီရိလင်္ကာနိုင်ငံရှိ ပညာသင် ရဟန်းတော်များ၊ သီလရှင်များအားနေ့ဆွမ်းနှင့် နဝကမ္မများဆက်ကပ်လှူဒါန်းကြပါသည်။ နေ့လယ် ၁:ဝဝနာရီအချိန်တွင် ပညာသင်ရဟန်းတော်များနှင့် ပညာရေးဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ ထိုမှတစ်ဆင့် Nagananda Internation Institutes of Buddhist Studies သို့ဆက်လက် ထွက်ခွာလာခဲ့ရာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကာတက္ကသိုလ်နှစ်ခု အကြားအပြန်အလှန်ချိတ်ဆက် ဆိုင်ရွက်နိုင် ရေးအတွက်  တွေ့ဆုံ နိုင်ရေး အတွက်တွေ့ဆုံဆွေးနွေးပြီး MOU လက်မှတ်ရေးထိုးကြကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြ  ပါသည်။

Share:

Tags: pbmu, news, mou

Related News

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော် ပါမောက္ခချုပ်ဆရာတော်တို့ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း ဘုရင့်တက္ကသိုလ်သို့သွားရောက်လေ့လာ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော် ပါမောက္ခချုပ်ဆရာတော်တို့ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း ဘုရင့်တက္ကသိုလ်သို့သွားရောက်လေ့လာ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော်၊ ပါမောက္ခချုပ် ဆရာတော်တို့ဦးဆောင်သော ကိုယ်စား...

Details
ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ သို့ရောက်ရှိ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ သို့ရောက်ရှိ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်တွင် ထိုင်းနိုင်ငံ၊...

Details
ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ဗီယန်ကျင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ဗီယန်ကျင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် လာအိုနိုင်ငံဆိုင်ရ...

Details