ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လာအိုနိုင်ငံ၊ ပက်ဆေးမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာခဲ့ပြီး ဒေသစံတော်ချိန် နေ့လယ် ၁၂:ဝ၀ အချိန်တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ သို့ရောက်ရှိကြပါသည်။ ထိုမှတစ်ဆင့် ဗီယက်နမ်နိုင်ငံ၊ ဟွေးမြို့ သို့ လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာလာ ခဲ့ရာ နေ့လယ် ၃:ဝ၀ အချိန်တွင် ဟွေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ ဟွေးဗုဒ္ဓဘာသာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါသည်။ ညနေပိုင်းတွင် တက္ကသိုလ်ကိုယ်စားလှယ်အဖွဲ့သည် ဟွေးမြို့ရှိ ဟွေးဗုဒ္ဓဘာသာတက္ကသိုလ်သို့ရောက်ရှိကြရာ ပါမောက္ခချုပ် ဆရာတော်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်က တက္ကသိုလ်နှစ်ခုအကြား အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အတွက်တွေ့ဆုံဆွေးနွေးပြီး MOU လက်မှတ်ရေးထိုးကြကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပါသည်။ ထို့နောက် တက္ကသိုလ်အတွင်းလှည့်လည်ကြည့်ရှုလေ့လာ၍ ဟွေးမြို့ရှိ အထင်ကရနေရာများကိုလည်း လှည့်လည်ကြည့်ရှုကြ ကာ လေကြောင်းခရီးဖြင့် ဟိုချီမင်းမြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ကြပါသည်။

Share:

Tags: pbmu, news, mou

Related News

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော် ပါမောက္ခချုပ်ဆရာတော်တို့ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း ဘုရင့်တက္ကသိုလ်သို့သွားရောက်လေ့လာ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော် ပါမောက္ခချုပ်ဆရာတော်တို့ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း ဘုရင့်တက္ကသိုလ်သို့သွားရောက်လေ့လာ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော်၊ ပါမောက္ခချုပ် ဆရာတော်တို့ဦးဆောင်သော ကိုယ်စား...

Details
ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ သို့ရောက်ရှိ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ သို့ရောက်ရှိ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်တွင် ထိုင်းနိုင်ငံ၊...

Details
ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ဗီယန်ကျင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ဗီယန်ကျင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် လာအိုနိုင်ငံဆိုင်ရ...

Details