ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာခဲ့ပြီး ဒေသစံတော်ချိန် နေ့လယ် ၁:၃၀ အချိန်တွင်ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ သို့ရောက်ရှိကြရာ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမြင့်စိုးနှင့်မြန်မာသံရုံးမှတာဝန်ရှိသူများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းကိုနှင့် စစ်သံရုံးမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ ပါသည်။
ညနေပိုင်းတွင် တက္ကသိုလ်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာသံအမတ်ဦးမြင့်စိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းကိုနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဖနွမ်းပင်မြို့ရှိ Pannasastra University သို့ရောက်ရှိကြရာ တက္ကသိုလ်ကောင်စီ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကာ တက္ကသိုလ်နှစ်ခုအကြား အပြန်အလှန်ချိတ်ဆက်ဆိုင်ရွက်နိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပြီး MOU လက်မှတ်ရေးထိုးကြကာလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ကြပါသည်။
ထို့နောက် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသော ဘွဲ့နှင်းသဘင်အခန်းအနားကိုတက်ရောက်ခဲ့ကြပါသည်။ ထိုမှတစ်ဆင့် Preah Sihanoukraja Buddhist University သို့ဆက်လက်ထွက်ခွာလာခဲ့ရာ ပါမောက္ခချုပ်ဆရာတော်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကာ တက္ကသိုလ်နှစ်ခုအကြား အပြန်အလှန်ချိတ်ဆက်ဆိုင်ရွက်နိုင်ရေးအတွက် တွေ့ဆုံ နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပြီး MOU လက်မှတ်ရေးထိုးကြကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြ  ပါသည်။

Share:

Tags: pbmu, news, mou

Related News

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော် ပါမောက္ခချုပ်ဆရာတော်တို့ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း ဘုရင့်တက္ကသိုလ်သို့သွားရောက်လေ့လာ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော် ပါမောက္ခချုပ်ဆရာတော်တို့ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း ဘုရင့်တက္ကသိုလ်သို့သွားရောက်လေ့လာ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော်၊ ပါမောက္ခချုပ် ဆရာတော်တို့ဦးဆောင်သော ကိုယ်စား...

Details
ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ သို့ရောက်ရှိ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ သို့ရောက်ရှိ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်တွင် ထိုင်းနိုင်ငံ၊...

Details
ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ဗီယန်ကျင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ဗီယန်ကျင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် လာအိုနိုင်ငံဆိုင်ရ...

Details