ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများလိုက်ပါလျက် ဗီယန်ကျင်းမြို့ရှိ အထင်ကရနေရာများသို့သွားရောက်ကြည့်ရှု လေ့လာခဲ့ကြပါသည်။ နေ့လယ်ပိုင်းတွင် မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့်အတူ ဗီယန်ကျင်းမြို့မှ ပက်ဆေးမြို့သို့လေကြောင်း ခရီးဖြင့် ထွက်ခွာလာခဲ့ရာ ပက်ဆေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄:၂၀ အချိန်တွင် ရောက်ရှိကြ ပါသည်။ လေဆိပ်တွင် Champasek Sangha Collage မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ကောလိပ်သို့ ဆက်လက်ထွက်ခွာလာခဲ့ကြပါသည်။ ညနေပိုင်းတွင် တက္ကသိုလ်နှစ်ခုအကြား အပြန်အလှန်နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးပွဲကို ကျင်းပခဲ့ပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။
