ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာခဲ့ပြီး ဒေသစံတော်ချိန် နေ့လယ်၁:၃၀ အချိန်တွင် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ သို့ရောက်ရှိကြရာ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကိုကိုနိုင်၊ ဇနီးနှင့် မြန်မာသံရုံးမှတာဝန်ရှိသူများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံရုံးမှ စစ်သံမှူးဗိုလ်ကြီးကျော်ကျော်မင်းနှင့် စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပါသည်။ ညနေပိုင်းတွင်တက္ကသိုလ်ကိုယ်စားလှယ်အဖွဲ့သည် ဗီယန်ကျင်းမြို့ရှိ Ongtue Samgha Collage သို့ရောက်ရှိကြရာ ပါမောက္ခချုပ်ဆရာတော်နှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကာ တက္ကသိုလ်နှစ်ခုအကြား အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပြီး MOU လက်မှတ်ရေးထိုးကြကာ လက်ဆောင်ပစ္စည်း များ အပြန်အလှန်ရေးထိုးကြပါသည်။ ထို့နောက် ကောလိပ်အတွင်းလှည့်လည်ကြည့်ရှုလေ့လာ၍ ပြန်လည်ထွက်ခွာလာခဲ့ကြ ပါသည်။

Share:

Tags: pbmu, news

Related News

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော် ပါမောက္ခချုပ်ဆရာတော်တို့ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း ဘုရင့်တက္ကသိုလ်သို့သွားရောက်လေ့လာ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော် ပါမောက္ခချုပ်ဆရာတော်တို့ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း ဘုရင့်တက္ကသိုလ်သို့သွားရောက်လေ့လာ

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော်၊ ပါမောက္ခချုပ် ဆရာတော်တို့ဦးဆောင်သော ကိုယ်စား...

Details
ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ဗီယန်ကျင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ဗီယန်ကျင်းမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့

ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် လာအိုနိုင်ငံဆိုင်ရ...

Details