ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှအဓိပတိဆရာတော်၊ ပါမောက္ခချုပ် ဆရာတော်တို့ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်း ဘုရင့်တက္ကသိုလ်သို့သွားရောက်ကြရာ တက္ကသိုလ်မှ သင်ကြားရေးနှင့်အုပ်ချုပ်ရေး ဆိုင်ရာ ဆရာတော်များနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တက္ကသိုလ်နှစ်ခု အကြား အပြန်အလှန် ချိတ်ဆက် ဆိုင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ကြကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီးနောက် တက္ကသိုလ် အတွင်း ဆောင်ရွက်ထားရှိသည့် အဆောက်အဦးများ၊ စာသင်ခန်းများ အစရှိသည်တို့ကို လိုက်လံရှင်းလင်းပြသကြပါသည်။ ဆက်လက်၍ တက္ကသိုလ်ကိုယ်စားလှယ်အဖွဲ့သည် အယုဒ္ဓမြို့ဟောင်းကို သွားရောက်လေ့လာကြပြီး နေ့လယ်ပိုင်းတွင် နာမည် ကျော် ဓမ္မကာယကျောင်းတိုက်ကြီးကိုလည်းသွားရောက်လေ့လာခဲ့ကြပါသည်။
