ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီစပါး များလည်းများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ အိုမြန်မာတို့
အားမပျော့နှင့် မလျော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးများမြောင် ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤရွာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။

Share:

Related

နွေဦးကာလမြူထသောအခါ

နွေဦးကာလမြူထသောအခါ

နွေဦးကာလ၊ မြူထသောအခါ ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက် ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင် ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။

Details
ပိတောက်ပန်း

ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့ နှစ်စမ်းခါတော်မီမို့ ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့ ခပ်သိမ်းနယ်စုံစုံသို့ ပွင့်ငုံကို လင့်ကုန်ကြတော့လို့ ခေါင်းကြွကာ ဆာဝေဝေနဲ့ သူလည်းလေ လောကီသားလိုပါ့ ကြွားချင်လှပေလိမ့်မယ်။

Details