မခူးချင်စမ်းပါနဲ့

နှစ်စမ်းခါတော်မီမို့

ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့

ခပ်သိမ်းနယ်စုံစုံသို့

ပွင့်ငုံကို လင့်ကုန်ကြတော့လို့

ခေါင်းကြွကာ ဆာဝေဝေနဲ့

သူလည်းလေ လောကီသားလိုပါ့

ကြွားချင်လှပေလိမ့်မယ်။

တသိန်တင့်ပါဘိ

တိမ်မြင့်ရီပြာပြာက

ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်

တီတာတာ ပွင့်ရွှေဖူးငယ်တို့

လည်ယှက်ကာ ဘယ်ညာလူးလေတော့

သူတို့လို ဘယ်သူမြူးနိုင်ပါ့

ထူးပါဘိတယ်။

တဝါဝါ ဆင်သင်္ကန်းရယ်က

ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့

သာသနာ ရွှင်ရွှင်လန်းအောင်လို့

တမင်မှန်းကာပါ့ သတိဆွယ်

ရည်ရွယ်တော့သလား။

ခူးပါနဲ့ကွယ်

ပွင့်ဖူးမှာ အဝါခြယ်၍

မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်

နှစ်ဆုံးကုန် အတာဝင်သို့

မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့

အရေးအခါသာမှ

ခမျာမှာ တဂုဏ်ဆန်းရတယ်

ပန်းပိတောက်များ။

Share:

Related

နွေဦးကာလမြူထသောအခါ

နွေဦးကာလမြူထသောအခါ

နွေဦးကာလ၊ မြူထသောအခါ ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက် ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင် ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။

Details
တို့တိုင်းပြည်

တို့တိုင်းပြည်

ထလော့မြန်မာ အိုမြန်မာတို့ တို့ရွာတို့မြေ တို့ရွာမြေဝယ် စေတီစပါး များလည်းများ၏ များပါလေလဲ တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက် မစားလေရ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

Details