• Topics:

    သူ့မှာတမ်း

  • Location:

    Aunglan

  • Date:

    2019-02-14 00:00:00

သူ့မှာတမ်း

Event Description

သူတို့ အဆုတ်၊ ထားခဲ့မြှုပ်သည့်

ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို

ရွာသားရွာသူ၊ မေးကြမြူသည်

အူအူယမ်းငွေ့ ထတုန်းတည်း။

“ အမောင်ပြောက်ကျား၊ ချစ်သူ အားကို

ဘာများ မှာခဲ့လိုသနည်း။”

“ငယ်က ကြင်မြတ်၊ မိသက်မှတ်ကို

ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ။”

“အမောင်ပြောက်ကျား၊ မိဘအားကို

ဘာများ မှာခဲ့လိုသနည်း။”

“မွေးသည့်မိခင်၊ မွေးဖခင်ကို

ဦးတင်ခဲ့ကြောင်း ပြောပါလေ။”

“အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို

ဘာများ မှာခဲ့လိုသနည်း။”

“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်

ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ။”

ယမ်းငွေ့ အူအူ၊ တလူလူနှင့်

မေးမြူကြတုန်း၊ အနောက်ကုန်းတွင်

နေလုံး ကွယ်လေပြီတကား။ ။

(မြဝတီ မဂ္ဂဇင်း မတ်လ၊ ၁၉၆၃။)

Related Events

ကျွဲကျောင်းသံ

ကျွဲကျောင်းသံ

ပက္ကလာယေ၊ ရိုင် − ရိုင် ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး နှင်းမြိုင်မြိင်ကေ၊ တောင်ကျိုင်ကြားမှာ ကျွဲကျောင်းလားရေ။

Details
နှင်းကိုမြင်ခိုက်

နှင်းကိုမြင်ခိုက်

နှင်းကိုမြင်၍ သဇင်ပွင့်ဦး၊ သူကြည်နူးစဉ် ရယ်မြူးရွှင်ပျ၊ နှမနှင့်မောင် ညီနောင်သားချင်း၊ လက်တွဲရင်းနှင့် ချစ်ခြင်းခင်ခြင်း၊ ယုံကြည်ခြင်းများ ဆပွားသစ်သစ်၊ ခိုင်မြဲနှစ်မာကာလကြာလေ၊ စည်းရုံးလေတည့်။

Details
သင်သေသွားသော်

သင်သေသွားသော်

သြော် လူ့ပြည်လောက၊ လူ့ဘဝကား အိုရနာရ၊ သေရဦးမည် မှန်ပေသည်တည့်။ သို့တပြီးကား၊ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

Details