• Topics:

    နှင်းကိုမြင်ခိုက်

  • Location:

    Yangon

  • Date:

    2019-02-14 00:00:00

နှင်းကိုမြင်ခိုက်

Event Description

နှင်းကိုမြင်၍
သဇင်ပွင့်ဦး၊ သူကြည်နူးစဉ်
ရယ်မြူးရွှင်ပျ၊ နှမနှင့်မောင်
ညီနောင်သားချင်း၊ လက်တွဲရင်းနှင့်
ချစ်ခြင်းခင်ခြင်း၊ ယုံကြည်ခြင်းများ
ဆပွားသစ်သစ်၊ ခိုင်မြဲနှစ်မာ
ကာလကြာလေ၊ စည်းရုံးလေတည့်။

မြေပြန့်တောင်ခုံး၊ ပတ်ကုံးဝန်းကျင်
မြစ်ခွင်တကြော၊ လွန်သာမောကို
ချစ်သောစိတ်နှင့်၊ သွေးနှင့်ချွေးနှင့်
အဆင့်ဆင့်ဆက်၊ အသက်သက်များ
စတေးထား၍၊ ဘိုးဘွားပေးဝေ
ချစ်အမွေတည့်။

အနေကြာကြာ၊ အသာမိုးမိုး
ချစ်တိုးလွန်မြတ်၊ သွေးသားထပ်၍
ကိုယ့်ရပ်ကိုယ့်မြေ၊ တွယ်တာပေ၏။

ကိုယ့်နေရာကို
တစ်ဖျာတစ်ကွက်၊ တစ်လက်မလည်း
တသနှမြော၊ စုံမက်မောသည့်
သဘောခြင်းရာ၊ ပြောရပါလျှင်
နှင်းရင်နုမှ၊ သဇင်လှကို
မြင်ရကြုံရ၊ ဆောင်းအမြမှာ
မဟာအောင်ခြင်း၊ စည်းလုံးခြင်းဖြင့်
သွေးချင်းကိုယ်သား၊ တို့ပိုင်ထားသည်
တရားမျှတလွတ်လပ်ခြင်း။

Related Events

ကျွဲကျောင်းသံ

ကျွဲကျောင်းသံ

ပက္ကလာယေ၊ ရိုင် − ရိုင် ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး နှင်းမြိုင်မြိင်ကေ၊ တောင်ကျိုင်ကြားမှာ ကျွဲကျောင်းလားရေ။

Details
သင်သေသွားသော်

သင်သေသွားသော်

သြော် လူ့ပြည်လောက၊ လူ့ဘဝကား အိုရနာရ၊ သေရဦးမည် မှန်ပေသည်တည့်။ သို့တပြီးကား၊ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

Details
သူ့မှာတမ်း

သူ့မှာတမ်း

သူတို့ အဆုတ်၊ ထားခဲ့မြှုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသားရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ ထတုန်းတည်း။

Details