• Topics:

    ကျွဲကျောင်းသံ

  • Location:

    Pantapwinttaung

  • Date:

    2019-02-14 00:00:00

ကျွဲကျောင်းသံ

Event Description

ပက္ကလာယေ၊ ရိုင် − ရိုင်
ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး
နှင်းမြိုင်မြိင်ကေ၊ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ။

အစ်ကိုမပါ၊ ညီမပါ
ကြိမ်သားတုတ်ကို၊ နနှောင်းကိုင်၊ ကယိုင်ကပါး
နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမှာ
ကျွဲကျောင်းလားရေ။

ဟူး ... ရေ ... ရေ ... ဟူး။

ထွေတောင်ဒေတောင်၊ ချောင်မြောင်တလွှား
ပိုးပစိုင်းသံ၊ ညံသသွား
တောသံလီသံ၊ မဆူညံ
နှင်းသံဖြဖြောက်၊ ပပေါက်ဖောက်သို့ကြားရရေ။

ဂြောင်တောင်ကြောင်၊ နက်ပြောင်ခလောင်း
တောဘယံမှာ၊ သာငြိမ့်ညောင်းပျာ ကြားရရေ။

ဟူး ... ရေ ... ရေ ... ဟူး။

ခက်ဆစ်
၁။ ပက္ကလာ = ရခိုင်တွင် ယောက်ျားတို့ အဆောင်းများသော ကျောထိအောင်ဆောင်းသည့် ခမောက်ရှည်။

၂။ ရိုင်ရိုင် = လှပတင့်တယ်ယဉ်ကျေးသည်။

၃။ နနှောင်း = မြဲမြံစွာ။

၄။ ကယိုင်ကပါး = ကယိမ်းကပါး။

၅။ တောင်ကျိုင်ကြား = တောင်ချိုင့်ကြား။

၆။ ကျွဲကျောင်းလားရေ = ကျွဲကျောင်းသွားသည်။

၇။ ဟူးရေရေဟူး = အော်ဟစ်သံ။

၈။ ထွေတောင်ဒေတောင် = ဟိုတောင် ဒီတောင်။

၉။ ပိုးပစိုင်း = ပုစဉ်းရင်ကွဲကောင်။

၁၀။ ညံသသွား = ဆူညံနေသည်။

၁၁။ လီသံ = လေတိုက်သံ။

၁၂။ ဖြဖြောက် = ဖြောက်ဖြောက်မြည်သောအသံ။

၁၃။ ပပေါက် = ပေါက်ပေါက်။

၁၄။ ခလောင်း = ခလောက်။

၁၅။ တောဘယံ = တောင်ကမ်းပါးယံ။

၁၆။ ပျာ = ပြီးလျှင်။

Related Events

နှင်းကိုမြင်ခိုက်

နှင်းကိုမြင်ခိုက်

နှင်းကိုမြင်၍ သဇင်ပွင့်ဦး၊ သူကြည်နူးစဉ် ရယ်မြူးရွှင်ပျ၊ နှမနှင့်မောင် ညီနောင်သားချင်း၊ လက်တွဲရင်းနှင့် ချစ်ခြင်းခင်ခြင်း၊ ယုံကြည်ခြင်းများ ဆပွားသစ်သစ်၊ ခိုင်မြဲနှစ်မာကာလကြာလေ၊ စည်းရုံးလေတည့်။

Details
သင်သေသွားသော်

သင်သေသွားသော်

သြော် လူ့ပြည်လောက၊ လူ့ဘဝကား အိုရနာရ၊ သေရဦးမည် မှန်ပေသည်တည့်။ သို့တပြီးကား၊ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

Details
သူ့မှာတမ်း

သူ့မှာတမ်း

သူတို့ အဆုတ်၊ ထားခဲ့မြှုပ်သည့် ဗုံးငုတ် တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသားရွာသူ၊ မေးကြမြူသည် အူအူယမ်းငွေ့ ထတုန်းတည်း။

Details